နန့်ယားကျေးရွာမှာ ရှမ်းနီတပ်သားနှစ်ဦး ပစ်သတ်ခံရ

74
ဓါတ်ပုံ- နန့်ယားကျေးရွာလယ် လမ်းမကြီးအားတွေ့ရစဉ်။

 

ဒီဇင်ဘာ၊၄

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာမှာ မနေ့က နေ့လယ် ၁၁ နာရီခွဲခန့်လောက်က ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က နှစ်ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလာစားတဲ့အချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ သေချာမသိဘူးလို့ နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တစ်ခါတည်း ဗိုက်ပွင့်သွားတယ်။ နောက်တစ်ယောက်က ဒီမနက် ဆုံးသွားတယ်တဲ့။ ဘယ်သူလုပ်လိုက်တာလဲမသိဘူး။ ”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

နှစ်ပွင့်ဗိုလ်ကတော့ သေနတ်ပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပြီးတော့ တပ်သားကတော့ ဒီမနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူနှစ်ဦးဟာ နန့်ယားရှမ်းနီတပ်ကဖြစ်ပြီး နန့်ယား၊ကပ်မှော် နဲ့ ဆိုင်းဖရာကျေးရွာတွေမှာ စစ်ကောင်စီတပ်ကို လမ်းပြအနေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်က သီးခြားအတည်မပြုနိုင်ပါဘူး။

ရှမ်းနီတပ်ကနှစ်ဦး ပစ်သတ်ခံရတာသေချာပြီး ဖြစ်စဉ်ကိုတော့ အတိအကျမသိဘူးလို့ နန့်ယားကျေးရွာက အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း နန့်ယားကျေးရွာနေ ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here