ဝိုင်းမော်မြိုနယ်အတွင်းက အသက် ၁၈ နှစ်ပြည့်ပြီးသူမှန်သမျှ အမျိုးသမီးပါမကျန် စစ်မှုထမ်းရန် အကောင်အထည်ဖော်နေကြောင်း ဦးရွှေမင်းပြော

98

 

နိုဝင်ဘာ၊၆

လီဆူလူမျိုးတွေရဲ့ လူထုအစည်းဝေးဆုံးဖြတ်ချက်အရ ဝိုင်းမော်မြိုနယ်အတွင်းမှာရှိတဲ့ လီဆူအိမ်ထောင်စုတိုင်းက အသက်ပြည့်ပြီးသူတိုင်း တစ်အိမ်တစ်ယောက် စစ်သားလုပ်ဖိုအတွက် စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်အဖွဲက အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။

အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ကြောင့် အမျိုးသား၊အမျိုးသမီး မခွဲခြားဘဲ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်  ပါဝင်ရမယ်လို လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက မြစ်ကြီးနား သတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အမျိုးသားရေးမှာက အသက်ငယ်ငယ်ကြီးကြီးနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ဥပဒေမှာက အသက် ၁၈ နှစ်လို သတ်မှတ်ထားတဲ့အတွက် အသက် ၁၈ နှစ်ပြည့်သူတိုင်းအားလုံး နှီးဖြားနိုင်တဲ့သူ နှီးဖြားမယ်။ ကိုယ်လုပ်နိုင်တဲ့ အသက်အပိုင်းအခြားနဲ့ လိုက်ပြီး အမျိုးသားရေးကို ဆောင်ရွက်ကြမယ်။ သူ့ကျွန်ဘဝက လွတ်အောင် လုပ်ကြမယ်။ ကိုယ့်ကို စော်ကားတဲ့၊ နှိပ်ကွပ်တဲ့ရန်ကနေ ကာကွယ်မယ်။ အဲဒါပါပဲ။”လို ဦးရွှေမင်းက ပြောပါတယ်။

လီဆူလူမျိုးအားလုံးဆိုတဲ့အထဲမှာ အနာဂတ်လူငယ်တွေရဲ့ ပညာရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုတော့ သူတိုအနေနဲ့ စဉ်းစားချက်တွေမှာထည့်သွင်းပြီး အများသဘောတူ စည်းဝေးဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောက်ရွက်သွားမယ်လိုလည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင်ပြီး လူထုနဲ့ ညှိနှိင်းလာတဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ဒီနှစ်အောက်တိုဘာလ ၃၀ ရက်နေ့မှာ အတည်ပြုပြီးတော့ လီဆူပြည်သူ့စစ်က ဦးစီးပြီး အကောင်ထည်ဖော်ပေးခြင်း ဖြစ်တယ်လိုလည်း ဦးရွှေမင်းက ဆက်လက်ပြောပါတယ်။

အခုလုပ်ဆောင်နေတဲ့ ကိစ္စရက်ဟာ လူထုက သဘောတူဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးလည်း လူထုနဲ့ညှိနှိင်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လိုလည်း ဆက်လက်ပြောပါတယ်။

စစ်သားစုဆောင်မှာဖြစ်ကြောင်းကို “မြန်မာနိုင်ငံ လီဆူစစ်ခေါ်စာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ “လီဆူလူမျိုးဖွံဖြိုးရေးနှင့် ကူညီထောက်ပံ့ပေးသောစစ်အုပ်စု” က ထုတ်ပြန်ချက်တစ်စောင်ကို လီဆူစာနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်ကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၈ ရက်နေ့အတွင်းက ကြေညာရက်ဖြစ်ပြီး လီဆူလူမျိုးတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း စစ်သားလုပ်မယ့်သူတိုင်း သက်ဆိုင်ရာ စစ်သားစုဆောင်ရေးတွေဆီ နာမည်စာရင်းပေးသွင်း သွားရမှာဖြစ်ပါတယ်။

ထုတ်ပြန်စာပါအတိုင်း သတ်မှတ်ရက်အတွင်း နာမည်စာရင်းမပေးသွင်းသူတွေ ရှိခဲ့ရင် နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး အိမ်အရောက်လာရောက် ခေါ်ဆောင်မှာဖြစ်တယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နာမည်စာရင်းမသွင်းတဲ့သူတွေကို အိမ်အထိခေါ်ဆောင်တဲ့အချိန် ကချင်လွတ်လပ်ရေးတပ် မတော်(KIA)လိုမျိုး အတင်းအဓမ္မခေါ်ဆောင်တာမျိုးတော့ လီဆူပြည်သူ့စစ်အနေနဲ့ မလုပ်ဘူးလို ဦးရွှေမင်းက ပြောပါတယ်။

“ကျွန်တော်တို KIA ရဲ့ လုပ်နည်းလုပ်ဟန် အဲဒီလောက်မရောက်အောင် ကျွန်တော်တို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ KIA လောက်ကျွန်တော်တို မမာဘူး၊ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို ဦးရွှေမင်းက ဆိုပါတယ်။

စစ်သားစုဆောင်းမှု ပထမအဆင့်ကို  ဝိုင်းမော်မြိုကနေစတင်မှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားမြိုနယ်တွေမှာ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လိုလည်း လီဆူပြည်သူ့စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီအချိန်ဟာ လီဆူတစ်မျိုးသားလုံးစည်းလုံးပြီးတော့ ကိုယ့်လူမျိုး၊ အမျိုးသားရေးကို ခုခံ ကာကွယ်ပေးသွားဖိုအချိန်ရောက်ပြီ၊ သူတပါး ခြိမ်းခြောက်မှု၊ ကျွန်ပြုမှုကို ခံနေရမယ့် အချိန်မဟုတ်တော့ဘူးလိုလည်း လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းက ပြောပါတယ်။

နာမည်စာရင်းတွေကို ဝိုင်းမော်မြိုနယ်အတွင်းက ဝူယန်၊ ဇီယူ၊ ကျန်းခါး၊ နောင်စီပေါ်၊ ရွာသစ် စရှိတဲ့  စစ်သားစုဆောင်ရေးအဖွဲထံ ဆက်သွယ်ထည့်သွင်းနိုင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လီဆူပြည်သူ့စစ်ခေါင်းဆောင် လုပ်ဆောင်နေတဲ့ ကိစ္စဟာ လီဆူစာပေ၊ယဉ်ကျေးမှုအဖွဲနဲ့ မသိရှိကြောင်းနဲ့ မသက်ဆိုင်ကြောင်း လီဆူစာပေ၊ ယဉ်ကျေးမှုအဖွဲဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုပါတယ်။

ဝိုင်းမော်မြိုနယ်အတွင်းရှိ ကျေးရွာတစ်ခုက လီဆူအမျိုးသားတစ်ဦးကလည်း သူ့အနေနဲ့ အခုထုတ်ပြန်လာတဲ့ စစ်သားမလုပ်မနေရဆိုတဲ့ အပေါ်မှာ စစ်သားမလုပ်နိုင်ဘူးလို ပြောကြားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here