ကလေးသုံးယောက်မိခင် အလှမယ်

1020
ဒေါ်ခင်မာဌေး
ဒေါ်ခင်မာဌေး

 

မြစ်ကြီးနား၊ ဇူလိုင် ၁၇

Mrs. Asia Pacific Myanmar မှ ကြီးမှူးကျင်းပမည့် ၂၀၁၉ ခုနှစ် အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြစ်ကြီးနားမှ သားသမီးသုံးယောက်မိခင် ဒေါ်ခင်မာဌေးအား ရွေးချယ်ခန့်အပ်လိုက်ကြောင်း Union of Myanmar Organization မှ ထုတ်ပြန်ကြေညာလိုက်သည်။

သူမသည် ကချင်ပြည်နယ်လွှတ်တော်ရုံးတွင် ဒုတိယဦးစီးမှူးတစ်ဦးဖြစ်ကာ မြစ်ကြီးနားတွင် ကျင်းပခဲ့သော Mrs Global Universe Myanmar 2018 Winner ဆုကိုရရှိထားသူ ဖြစ်သည်။
သူမအနေဖြင့် ခင်ပွန်းဖြစ်သူ၏တာဝန် ဝတ္တရားများကတစ်ဘက်၊ ရုံးလုပ်ငန်းက တစ်ဘက်၊ သားသမီးတို့၏ ဝတ္တရားများက တစ်ဖက်ဖြင့် ကြိုးစား လုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။

“ပြိုင်ပွဲကို စိတ်ပြေလက်ပျောက်ပုံစံနဲ့ ယှဉ်ပြိုင်မယ်ဆိုပြီး ဝင်ပြိုင်ခဲ့တယ်။ ဒါပေမယ့် တကယ်ကိုပြိုင်ရတဲ့အခါမှာ ကျွန်မတို့လို ဝန်ထမ်းပဲ လုပ်လာတဲ့သူအတွက်က အဆင်မပြေဘူး။ ခက်ခဲခဲ့တယ်။ ဒီလိုစင်မြင့်ပေါ်မှာ ဒေါက်လေးစီးပြီးယှဉ်ပြိုင်ဖို့က တကယ်ကိုမလွယ်တာပါ။ ခက်ခဲပေမယ့် တကယ်တမ်းပြိုင်တော့ ဆုရချင်တယ်။ အကောင်းဆုံးလည်း ကြိုးစားလုပ်တော့ ဒီလို Winner ဆုကိုရခဲ့တယ်။ နောက်ပြီးတော့ နိုင်ငံတကာ ပြိုင်ပွဲကို ဆက်ပြိုင်ရမယ်ဆိုတော့ ဝမ်းလည်းဝမ်းသာတယ်။ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တဲ့ ဝန်ထမ်းတစ်ဦးလို့ပဲ ကျွန်မက ခံယူထားတယ်”ဟု ဒေါ်ခင်မာဌေးက ပြောသည်

ဒေါ်ခင်မာဌေးသည် မြစ်ကြီးနားမြို့တွင် နေထိုင်ပြီး လျှပ်စစ်လုပ်ငန်း လုပ်ကိုင်သည့် ကန်ထရိုက်ဦးဘုန်းကြွယ်ခိုင်၏ဇနီး ဖြစ်ကာ ကလေးသုံးယောက်၏ မိခင်ဖြစ်သည်။ ဒါ့အပြင် လာမည့်ဒီဇင်ဘာလခန့်တွင် ယှဉ်ပြိုင်ရမည့် အိမ်ထောင်ရှင်မ အလှမယ်ပြိုင်ပွဲကို မလေးရှားနှင့် စင်္ကာပူနိုင်ငံများတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ဆိုင်း(ကချင်မြေ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here