Home ကချင်ပြည်နယ်သတင်း ကုန်စည်‌ေဈးနှ...

ကုန်စည်‌ေဈးနှုန်းမြင့်တက်မှုတွေကြောင့် ရှဒူးဇွပ်ကျေးရွာက ပျံကျအလုပ်သမားများ စားဝတ်နေရေးခက်ခဲ

173

ဩဂုတ်၊၄

ကုန်စည်ဈေးနှုန်းမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာက နေ့စားပျံကျလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း လီဒိုလမ်းမပေါ်ကကျေးရွာတွေမှာ ဒေသထွက်ဆန်ဖြစ်တဲ့ ငွေတိုးဆန်တစ်အိတ်ကို ကျပ်လေးသောင်းနဲ့ အောက်ပိုင်းဒေသကလာတဲ့ ပေါ်ဆန်းမွေးဆန်တစ်အိတ်ကို ကျပ်ရှစ်သောင်းထိ ပေါက်စေ◌ျး ရှိနေသလို စားသုံးဆီ တစ်ပိဿာကို ကျပ်တစ်သောင်းထိ မြင့်တက်နေတာပါ။

ရှဒူးဇွပ်ဒေသဘက်က လယ်ယာလုပ်ငန်းနဲ့ ရွှေလုပ်ငန်းတွေမှာ နေ့စားလုပ်ကိုင်သူတွေဟာ တစ်နေ့ကို ခုနှစ်ထောင်၊ ရှစ်ထောင်ကျပ်နဲ့ အများဆုံး ကျပ်တစ်သောင်းဝန်းကျင်သာ ရရှိကြတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စည်ဈေးနှုန်းတွေဟာ တစ်နေ့တခြား ပိုမိုမြင့်တက်လာနေတာကြောင့် ရရှိတဲ့နေ့စားခနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းဖို့ အခက်အခဲရှိလာတယ်လို့ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

 “ကုန်ဈေးနှုန်းကတက် အလုပ်လုပ်တဲ့ ငွေကမတက်ဖြစ်နေတော့ ခက်ခဲတာတွေရှိတာပေါ့။ ကျွန်တော်တို့ရတဲ့ လုပ်အားခနဲ့ ကိုယ်ပြန်ဝယ်စားရမှာနဲ့က ဘယ်လိုမှ ပျမ်းမျှဖြစ်မနေ တော့ တချို့ဆိုရင် စားဖို့တောင်ခက်ခဲနေကြတယ်။ “

ဒါ့အပြင် အရင်က ကျပ်သုံးသိန်းဝန်းကျင်ရှိတဲ့ ဒီဇယ်ဆီ တစ်ပေပါကို ကျပ်ခုနစ်သိန်းနီးပါး ပေါက်ဈေးရှိနေပြီး ဓာတ်ဆီ တစ်ဂါလံကိုလည်း ကျပ်တစ်သောင်းကျော်ထိမြင့်တက်နေတာကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရာမှာ အခက်အခဲများစွာ ကြုံတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှဒူးဇွပ်ကျေးရွာဟာ လယ်ယာလုပ်ငန်းကို အဓိထားကလုပ်ကိုင်ကြတာဖြစ်ပြီး အများစုဟာ နေ့စားလုပ်ငန်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here