Home ကချင်ပြည်နယ်သတင်း မြစ်ဆုံရေအားလ...

မြစ်ဆုံရေအားလျှစ်စစ် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင် နယ်မြေဧရိယာကန့်သတ်ချက် ထုတ်ပြန်စာသည် နှစ်လတစ်ကြိမ် ပုံမှန်ထုတ်ပြန်‌နေသည့် စာသာ ဖြစ်သည်ဟုဆို

708

မြစ်ကြီးနား၊ မတ်(၆)

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ခွင်နယ်မြေဧရိယာအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ခြင်း ဟူသည့် ထုတ်ပြန်ချက်သည် ၂၀၁၃ခုနှစ်ကတည်းက နှစ်လတစ်ကြိမ် ထုတ်ပြန်နေသည့် စာဖြစ်ကြောင်း မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသည့် ဒေသခံ ဒေါ်လုရာက ပြောသည်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံနှံနေသည့်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြောဆို ရေးသားနေကြသည့်အပေါ် နှစ်လတစ်ကြိမ် ထုတ်ပြန်နေသည့် စာဖြစ်သောကြောင့် ဒေသခံများအတွက် အဆန်းမဟုတ်ကြောင်း ဒေါ်လုရာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်မတို့ ဒေသခံတွေအတွက်တော့ မဆန်းပါဘူး။ ၂၀၁၃ကနေ ၁၄၄ကို နှစ်လတစ်ကြိမ် ထုတ်ပြန်တယ်။ ရုံးကို မေးကြည့်တယ်။ တန်ဖရဲဟာ (၁၀)နှစ်ကျော်ပြီ ၁၄၄က ပျက်ပြီလား။ ဘယ်အချိန်ထိ၊ ဘယ်လအထိ ထုတ်ပြန်ထားလဲ မေးကြည့်တော့ (၂)လတစ်ကြိမ် အပြောင်းအလဲ ထုတ်ပြန်ထားတာ ရှိတယ်တဲ့။ ဒါကတော့ အခုချိန်ထိပေ့ါ။ အခု ဆိုရှယ်မီဒီယာမှာ ဖြစ်ပေါ်နေလည်း ကျွန်မတို့အတွက်တော့ အဆန်းမဟုတ်ပါဘူး။”ဟု ၎င်းက ပြောသည်။

ထုတ်ပြန်ချက်များ မည်သို့ပင် ထုတ်စေကာမူ ၎င်းတို့အနေဖြင့် တရားမဝင်ကြောင်းကိုသာ လက်ခံသွားမည် ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။

“သူတို့ ဘယ်လောက် ထုတ်ပြန်ပြန် ကျွန်မတို့ကတော့ တရားမဝင်ဘူးပဲ။ တနိုင်ငံလုံးက ဒီစီမံကိန်းကို သဘောမတူဘူး။ မြစ်ဆုံကို ပြန်စမယ်ဆိုရင်လည်း အကုန်လုံး တစ်စုတစ်စည်းထဲ ကန့်ကွက်သွားမယ်။ အကုန်လုံးလည်း အဲ့ဒီလို ဖြစ်မယ်ထင်ပါတယ် “ဟု ၎င်းဆိုသည်။

မြစ်ဆုံစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်(၂၀၁၁)ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ မှစပြီး ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here