အိန္ဒိယတွင်ကျင်းပမည့် Miss ပြိုင်ပွဲအတွက် ကချင်ပြည်နယ်သူ  P ဂျာဆိုင်းဘူကို ရွေးချယ်ထား

1807

ဖေဖော်ဝါရီ ၃

အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပမည့် Miss Glam World 2018 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် P ဂျာဆိုင်းဘူကိုရွေးချယ်ထားသည်ဟု သိရသည်။

Miss Glam World 2018 ပြိုင်ပွဲကို ဧပြီလ ၂၀ ရက် မှ ၂၇ ရက်အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပ သွားမည်ဖြစ်ပြီး ထိုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် Miss Glam World Myanmar 2018 အလှမယ်ကို  Myanmar Beauty Paradise Organization က ရွေးချယ်စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အလှမယ် P ဂျာဆိုင်းဘူကို ရွေးချယ်ရခြင်းမှာ ၎င်းသည် ပြည်ပပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေသည့် အလှမယ်ဖြစ်သောကြောင့်ဟု Myanmar Beauty Paradise Oranizaion မှ တာဝန်ရှိသူ လယောက်လွမ်းဒေါင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ Pဂျာဆိုင်းဘူကို ကျွန်တော်တို့ ရွေးချယ်ရခြင်းအကြောင်းကတော့ သူကအလှမယ်ပြိုင်ပွဲ အတွေ့အကြုံတွေအများကြီးရှိတယ်။ ပြီးတော့ အကျင့်စာရိတ္တကောင်းမွန်တယ်။ ဘာသာစကား တတ်ကျွမ်းတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပြေပြစ်တယ် စတာတွေကြောင့် သူ့ကို ရွေးချယ်လိုက်တာပါ”ဟု လယောက်လွမ်းဒေါင်က ရှင်းပြသည်။

အလှမယ် P ဂျာဆိုင်းဘူသည် လက်ရှိအချိန်တွင်  Miss Glam World 2018 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ထိုအလှမယ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ  လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here