ကချင်မျိုးနွယ်စုဝင် တက္ကသိုလ်ကျောင်းသူများ၏ MISS ပြိုင်ပွဲ

1332
Miss JLH Myitkyina

မြစ်ကြီးနား၊ ဇူလိုင် ၁၉

ပထမဆုံးအကြိမ် Miss J.L.H Myitkyina 2018 ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ သြဂုတ်လ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသားတက္ကသိုလ်ကျောင်းသူ/သားများ စည်းလုံးညီညွတ်စွာ အခန်းကဏ္ဍတိုင်းတွင် တိုးတက်မြင့်မားလာစေရန်၊ ကိုးကွယ်ယုံကြည်မှု မတူညီသော်လည်း တူညီသောယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းအပေါ် အခြေခံပြီး စည်းလုံးညီညွတ်လာစေရန်၊ ကချင်တက္ကသိုလ်မျိုးနွယ်စုများ၏ လှပသောယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယဉ်မှုတို့ကိုသိရှိနားလည်စေရန်နှင့် တက္ကသိုလ်တက်နေသော ကချင်ကျောင်းသား ကျောင်းသူများ၏ ထက်မြက်မှု၊ ဗဟုသုတ၊အရည်အချင်းများ ကိုမြင့်တင်ပေးပြီး မြေတောင် မြောက်ပေးရန်ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီများထံမှ သိရသည်။

ပထမဆုံးအကြိမ်ကျင်းပမည့် Miss J.L.H Myitkyina 2018 ပြိုင်ပွဲတွင် ဆုကြီးများအဖြစ် Miss J.L.H Myitkyina 2018 Winner, 1st runner up, 2nd runner up, Miss People Choice, Miss Congenality, Miss Photogenic ဆုများကိုချီးမြှင့်ပေးသွားဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါပြိုင်ပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် အသက် ၁၆ နှစ်မှ အသက် ၂၅ နှစ်အတွင်း အိမ်ထောင်မရှိသူ၊ အရပ်အမြင့် ၅ပေ၄လက်မ အထက်ရှိသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ထိုပြိုင်ပွဲဝင်မည့်သူများကို ဇူလိုင်လ ၂၅ ရက် နံနက်တွင် မြစ်ကြီးနားမနောင်ကွင်း၌ လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here