လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို ကျပ်လေးသိန်းထိ ဈေးပေါက်
နိုဝင်ဘာ၊၁၅
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို ကျပ်လေးသိန်းခွဲဝန်းကျင် ပေါက်ဈေးရှိနေပြီး ကုန်ပစ္စည်းတွေလည်း လိုသလောက်မရနိုင်ဘူးလို့ သိရပါတယ်။
ပူတာအိုမြို့ကနေ ရီဒမ်းကျေးရွာအထိသာ ကားလမ်းပေါက်တဲ့အတွက် ရီဒမ်းကနေ တဆင့် ခေါင်လန်ဖူးအထိ ဆိုင်ကယ်နဲ့ ပြန်လည်သယ်ယူရပြီး ဈေးနှုန်းကြီးမြင့်သလို လိုသလောက်လည်း မရနိုင်ဘူးလို့ ခေါင်လန်ဖူးဒေသခံတစ်ဦးက...
ဒွန်ဘန်ကျေးရွာမှာ စပါးတစ်တင်းကို ဈေးနှုန်းတစ်ဆလောက် လျော့ကျသွားတဲ့အပြင် ဝယ်ယူသူပါမရှိ
နိုဝင်ဘာ၊၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအတွင်း အခုနှစ်မှာတော့ စပါးတစ်တင်းကို ဈေးနှုန်းတစ်ဆလောက် လျော့ကျသွားတဲ့အပြင် အဝယ်မရှိတဲ့ အတွက်ကြောင့်ပါ စပါးတွေကို သိုလှောင်ထားရတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကြာခဏလမ်းပိတ်တဲ့ အခြေအနေတွေကြောင့် မိုးရာသီအဝင် ဇွန်လပိုင်းကနေစပြီး မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းဘက်နဲ့ တရုတ်ပြည်ဘက်က စပါးလာရောက်ဝယ်ယူသူတွေ မရှိတော့...
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို စစ်ကောင်စီသိမ်းယူ
နိုဝင်ဘာ၊ ၁၄
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့ စစ်ကောင်စီက ကြေညာပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ ကွင်းအမှတ် OSS၊ အမည် ကဝါးကွင်း၊ ဦးပိုင်ပေါင်း ၃၁ ခုရဲ့ မြေဧက ၁၀၀ ဒဿမ ၂၈ ဧကကို ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(၁) အရ အများပြည်သူအကျိုးငှာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌ...
နောင်းချိန်းကျေးရွာအုပ်စုအတွင်းက စစ်ရှောင်ကလေး အယောက် ၄၀၀ လောက် စာသင်နှစ်ဝက် ကျော်လာတဲ့အထိ ကျောင်းမတက်နိုင်သေး
နိုဝင်ဘာ၊၁၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက် ၄၀၀ လောက်ဟာ ဒီနှစ်ရဲ့ စာသင်နှစ်ဝက်ကျော်ပြီ ဖြစ်ပေမဲ့ ကျောင်းမတက်နိုင်သေးဘဲ စာသင်နှစ်တစ်နှစ် နစ်နာမယ့်အရေး ကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စာသင်ခန်းမရှိတော့တဲ့ အတွက်ကြောင့် ကျောင်းသားလက်မခံတော့တာ ကြုံရတဲ့အပြင် ရွေးချယ်ထားတဲ့ ဘာသာရပ်တွေ မရှိတာကြောင့်လည်း တစ်ချို့ကလေးတွေ ကျောင်းမတ...
ဖားကန့်မှာ မြေစာပုံပြိုကျပြီး မြေစာတင်ကားနဲ့ ရေမဆေးရှာဖွေသူအချို့ ပါသွားဟုဆို
နိုဝင်ဘာ၊၁၁
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ မနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီလောက်က မြေစာပြိုကျပြီး မြေစာတင်ကားနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေလည်း ပါသွားတယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာက တင်အောင်ကြိုင်လုပ်ကွက်ဟောင်းမှာ မြေစာပြိုကျတဲ့အထဲ မြေစာတင်ကားနဲ့ ရေမဆေးသမားအချို့ ပါသွားတယ်လို့ ကြားသိရပေမဲ့ ပါသွားတဲ့ လူဦးရေအတိအကျ မသိရသေးဘူးလို့ ဖားကန့်ဒေသခ...