လမ်းခရီးခက်ခဲမှုတွေကြောင့် မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ပြေးဆွဲတဲ့ ကားသမားအချို့ ရပ်နားထားရ
နိုဝင်ဘာ၊၂၆
မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ပျက်စီးမှုတွေကြောင့် ကားသမားအချို့ ခရီးစဉ်ပြေးဆွဲမှု ရပ်နားတာတွေ ရှိလာတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ကနေ တနိုင်းမြို့မရောက်ခင် နောင်းမီ-ဝါရာဇွပ်ကျေးရွာကြား သုံးနေရာ၊ နမ်ဖြတ်-ကောင်ရာကြား နှစ်နေရာမှာ ကားလမ်းပျက်စီးမှု ဆိုးရွားနေတာဖြစ်ပြီး အနည်းအကျဉ်း ပျက်စီးနေတဲ့ လမ်းတွေပါပေါင်းရင် စုစုပေါင်း ၁၀ နေရာထက်မနည်းရှိတယ်လို့ သိရပါတယ်။
မိုင် ၁၀...
ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ၂ ဖက် အစိုးရချင်း ညှိနှိုင်းပြီးမှ လိုအပ်သလိုဆောင်ရွက်မယ်လို့ တရုတ်ပြော
နိုဝင်ဘာ၊ ၂၂
စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ တရုတ်ဘက်တာဝန်ရှိသူတို့ တွေ့ဆုံချိန် ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ၂ ဖက်အစိုးရခြင်း ညှိနှိုင်းပြီးမှ လိုအပ်သလိုဆောင်ရွက်မယ်လို့ တရုတ်က ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံ ပြည်သူ့လုံခြံရေးဝ...
ကန်ပိုက်တီမြို့ သိမ်းပိုက်ခံရပြီးနောက် ဗလမင်းထင်တံတားကို ပိတ်ထားဟု ဒေသခံများပြော
နိုဝင်ဘာ၊ ၂၁
ကန်ပိုက်တီမြို့ကို မနေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့မနက် ၇ နာရီလောက်ကစပြီး မြစ်ကြီးနား-ဝိုင်းမော်မြို့ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကို စစ်ကောင်စီကနေ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြောင်းအရင်းကိုတော့ အတိအကျမသိရပေမဲ့ အခုလိုပိတ်လိုက်တာဟာ ကန်ပိုက်တီမြို့ကို သိမ်းလိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။
"ကန်ပိုက်...
တရုတ်-မြန်မာ တရားဝင်နယ်စပ်ဂိတ် ရှိနေတာကြောင့် ကန်ပိုက်တီမြို့ကို လေးလေးနက်နက်စဉ်းစားပြီး မသိမ်းယူတာလို့ ဗိုလ်မှူးကြီးနော်ဘူပြော
နိုဝင်ဘာ၊၁၉
တရုတ်-မြန်မာ တရားဝင်နယ်စပ်ဂိတ် ရှိနေတာကြောင့် ကန်ပိုက်တီမြို့ကို လေးလေးနက်နက်စဉ်းစားပြီး မသိမ်းယူတာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ ကချင်အထူးဒေသ ၁ အတွင်းက မြို့တွေနဲ့ နယ်ခြားစောင့်တပ်ရင်းတွေကို KIA က တစ်လလောက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှ...
စာသင်နှစ်ဝက်ရောက်ရှိလာပေမဲ့ နောင်မွန်မြို့က စာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ဆရာမ အင်အား လိုအပ်နေဆဲ
နိုဝင်ဘာ၊၁၉
စာသင်နှစ်ဝက်ရောက်ရှိလာပေမဲ့ ပူတာအိုခရိုင်၊ နောင်မွန်မြို့က စာသင်ကျောင်းတွေမှာ ကျောင်း ဆရာ၊ဆရာမ အင်အား လုံလောက်မှုမရှိဘဲ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းစဖွင့်ကတည်းက အစိုးရခန့် ဆရာ၊ဆရာမ အနည်းငယ်သာရှိသလို အခုထိလည်း ထပ်မံရောက်ရှိလာတာမျိုးမရှိဘဲ မိဘခန့် ဆရာ၊ဆရာမတွေသာ ရှိတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
"မရောက်ဘူး။အဲဒါက ပုံမှန်ပဲ။ က...