တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ကောင်းမွန်စွာ ကျွေးမွေးပြုစု စောင့်ရှောက်ထားတယ်လို့ ပုံနဲ့တကွ AA ထုတ်ပြန်

23

 

မတ်၊၄

ရခိုင်ဒေသက တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ကောင်းမွန်စွာ ကျွေးမွေးပြုစုစောင့်ရှောက်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဓါတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) မှာရှိတဲ့ ဆေးဝါးတွေနဲ့ ရိက္ခာတွေနဲ့အကောင်းဆုံး ကျွေးမွေးထားတာဖြစ်ပြီး အခက်အခဲကြားက စောင့်ရှောက်ထားတာလို့ ဆိုပါတယ်။

ရက္ခိုင်ဒေသတိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ တပ်မိသားစုဝင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်နှင့် အာရက္ခပြည်သူလူထုများမှ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပစ်ခတ်တိုက်မှုနှင့် အခက်အခဲအမျိုးမျိုးကြားထဲမှ မိမိတို့တွင်ရှိသော ဆေးဝါးများ၊ ရိက္ခာများနှင့် အကောင်းဆုံး ကျွေးမွေးစောင့်ရှောက်ထားရှိပါသည်။ လို့ ဒီကနေ့မှာ ထုတ်ပြန်လာတာပါ။

အထက်ပါကျွေးမွေး စောင့်လျောက်ထားသူတွေဟာ ဇက်သင်္ဘောတွေပေါ်မှာ ရေနစ်တဲ့အချိန် ကယ်တင်ခဲ့သူတွေ လက်နက်ချအညံ့ခံသူတွေ၊ တိုက်ပွဲတွေအတွင်း လက်ရဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေ ပါဝင်တယ်လို့လည်း AA ကဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here