ဆယ်ဇင်းဒေသက ရှမ်းနီပြည်သူ့စစ်ရဲ့ တပ်စခန်းအချို့ကို KIA သိမ်းပိုက်ဟုဆို

19

 

ဩဂုတ်၊၂၁

ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အစပ်က ဒေသတစ်ခုဖြစ်တဲ့ ဆယ်ဇင်းဒေသဘက်က ရှမ်းနီ(SNA)ပြည်သူ့စစ်တွေရဲ့ တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဩဂုတ်လ ၂၀ ရက်နေ့ ညနေ (၆)နာရီခန့်လောက်မှာ ဆယ်ဇင်းဒေသက ရှမ်းနီ(SNA)ပြည်သူ့စစ်တပ်စခန်းတွကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရှမ်းနီဘက် ထိခိုက်ကျဆုံးမှုများတယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မနေ့ညက ပြန်ရတာပေါ့။ သစ်မွှေးခြံတွေ တောင်ဦးဘက်က လက်လွတ်လိုက်တဲ့နေရာတွေ ဟုတ်တယ်။ လို့အထက်ပါ အမျိုးသားက ပြောပါတယ်။

ရှမ်းနီ(SNA)ပြည်သူ့စစ်တပ်တွေဟာ ဟုမ္မလင်းဘက်ကနေ အင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ဩဂုတ် ၁၁ ရက်နေ့ကလည်း ရှမ်းနီ(SNA)ပြည်သူ့စစ်တပ်တွေ နေရာယူထားတဲ့ ချောင်းဖျားကိုလည်း KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်>

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းကနေ ရှမ်းနီ(SNA)ပြည်သူ့စစ်တပ်ဖွဲ့တွေ ဆယ်ဇင်းဒေသဘက်က ချောင်းဖျားကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KIA ပူးပေါင်းတပ်တို့နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဆယ်ဇင်းဒေသက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေက ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ဖားကန့်မြို့နယ်ထဲပါဝင်တဲ့ ဆယ်ဇင်းကျေးရွာကို ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here