ယခုတစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ ကချင်ရိုးရာ ယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်(JLH)မှ ကြီး မှူးကျင်းပခဲ့သော တက္ကသိုလ်ပေါင်းစုံမှ ကချင်တိုင်းရင်းသူလေးများ၏ Miss JLH Myitkyina 2018 WINNER ဆုရှင် အလှမယ် အူဒန်ဂျာရိန်အောင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုပြိုင်ပွဲကြီးအတွက် လူပေါင်းအများအပြားလျှောက်ထားသည့်အနက်မှ အဆင့်ဆင့်စိစစ်ပြီး ဆန် ကာတင် အယောက်၂၀ ကို ရွေးချယ်ကာ Winner ကို ရွှေသားစစ်နှင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထား သော သရဖူကို အလှမယ် အူဒန်ဂျာရိန်အောင် ကရရှိသွားခဲ့ပါတယ်။
သူမကတော့ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်မှာနေထိုင်နေပြီး ဦးအူဒန်ဘရန်အောင်နှင့် ဒေါ်ဝူနော့ထုရိန်တို့၏ သမီးကြီးဖြစ်ပြီး မွေးချင်း မောင်လေးတစ်ယောက် ရှိပါတယ်။ ယခုသူမဟာဆိုရင် မြစ်ကြီးနားနည်းပညာတက္ကသိုလ်မှာ EC ( Electronic and Communication) ဘာသာရပ်ဖြင့် ပညာသင်ယူနေသော ပထမကျောင်းသူလေးဘဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ညီမလေးရဲ့အကြောင်းကို ပရိသတ်တွေသိအောင် မိတ်ဆက်ပေးပါဦး။
ဟုတ်ညီမနာမည်က အူဒန်ဂျာရိန်အောင် လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေကတော့ RAIN လို့ခေါ်ကြပါတယ်။ ညီမမွေးရက်ကတော့ သြဂုတ်၂၁ ဖြစ်ပြီး၂၀၀၀ခုနှစ်ဖွားပါ။
မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှာ ညီမလေးအနေနဲ့ ဒီပြိုင်ပွဲ ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပေးပါအုံး။
ပထမဦးဆုံး ကျောင်းကအစ်မ တစ်ယောက်ကအရိန်းကို ဒီပြိုင်ပွဲဝင်ပြိုင်ဖို့ Formလာပေးတယ်၊ အရိန်းကလည်းMiss ပြိုင်ပွဲဆိုအရမ်းစိတ်ဝင်စားတယ်၊ အမေကလည်းသဘောတူတယ်၊ အဖေကတော့ အစပိုင်း အာ့ရိန်က ငယ်သေးတော့ သိပ်မပြိုင်ခိုင်းစေချင်ဘူး။ ဒါပေမဲ့နောက်ဆုံးတော့ သဘောတူလိုက် တယ်ပေါ့နော် အဲ့ဒါကြောင့်ဝင်ပြိုင်ဖြစ်တာပါ။
ညီမရဲ့ ပထမဆုံးအတွေ့အကြုံမှာ Winner တစ်ယောက်ဖြစ်သွားတော့ ဘယ်လောက်ထိအောင် ပျော်ရွှင်လဲ။
အရမ်းပျော်ရွှင်ရပါတယ်။ တကယ်တော့ အာ့ရိန်ရမယ်လို့ လုံးဝမထင်ထားဘူးပေါ့နော်။ ဘာလို့လဲ ဆိုတော့အားလုံးက အာ့ရိန်ထက် သာတာတွေချည်းပဲဆိုတော့ အခုလိုရတာကလည်း ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့်ရတာပါ။
ညီမလေးပြိုင်ပွဲ ဝင်နေစဉ် စိတ်ဓာတ်ကျတာတွေရော ရှိဖူးလား။
ဟုတ်ရှိပါတယ်။အရိန်းကဒေါက်ဖိနပ်လုံးဝမစီးတတ်တဲ့အတွက် အရမ်းစိတ်ဓာတ်ကျခဲ့ရတယ်။
အဲ့ကြောင့် အရိန်းအများကြီး ကြိုးစားခဲ့ရပါတယ်။
ဟုတ်ညီမလေးအနေနဲ့ ဒီပြိုင်ပွဲ ကိုဘယ်လိုမျိုး အကောင်းဆုံးယှဉ်ပြိုင် သွားသလဲပေါ့နော်။
အဓိက ကတော့ညီမလေး ကိုအားပေးတဲ့သူတွေ ၊ပြီးတော့ညီမလေးကို ပြိုင်ပွဲအစမနေ အဆုံး နေပူ၊မိုးရွာမရှောင်အကြိုအပို့လုပ် ပေးတဲ့မိဘတွေရဲ့ အားပေးမှုကို လေးစားပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။
ညီမလေးအနေနဲ့ Hparat Ningja Shayi Crown ရထားတဲ့အပေါ်ဝန်ထုပ်ဝန်ပိုးရော ဖြစ်သလား၊ ပြီးတော့ညီမလေးကိုယ်တိုင် ပြင်ဆင်ရမယ့်အပိုင်းတွေရှိလား။နောက်ထပ်ပြိုင်ပွဲတွေရောဝင်ဖို့ရှိလား။
အရိန်အနေနဲ့ ဝန်ထုပ်ဝန်ပိုးတော့မဖြစ်ပါဘူး။ပြင်ဆင်ရမယ့်အပိုင်း ဆိုရင်တော့ အရိန်းကစကားအရမ်းနည်းတယ်။အဲ့ကြောင့် Communication skill တွေ Public speaking တွေဆိုအရမ်းအားနည်းတယ်။အဲ့တာကတော့အရိန်းပြင်ဆင်ရမယ့်အပိုင်းပေါ့နော်။အခွင့်အရေးရမယ့်ဆိုရင်တော့ ပြိုင်ချင်ပါတယ်။
နောက်ဆုံးအနေနဲ့လူငယ်ပရိသတ်တွေကို ဘာများပြောချင်ပါသလဲပေါ့နော်။
ဟုတ်အရိန်းကိုအားပေးတဲ့ပရိသတ်တွေကိုအမျာကြီးကျေးဇူးတင်ပါတယ်။ပြီးတော့ကိုယ်နဲ့ သင့်တော်တဲ့ပြိုင်ပွဲ၊တရားမျှတတဲ့ပြိုင်ပွဲဆိုရင် ရဲရဲကြီးပါဝင်ယှဉ်ပြိုင်ဖို့ တိုက်တွန်းချင်ပါတယ်။
ဟုတ်အခုလိုဖြေကြားပေးသွားတဲ့ ညီမလေးကို ကျေးဇူးအများကြီးတင်ပါတယ်။
ဟုတ်ညီမလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အများကြီးကျေးဇူးတင်ရှိပါတယ်ရှင့်။
Benadeth