မိုင်းကျက်စခန်းမှာရှိတဲ့ စစ်ကောင်စီရဲ့လက်နက်သိုက်က သိမ်းမိတဲ့ပစ္စည်းတွေကို TNLA ဒီနေ့ ချပြ

95

 

နိုဝင်ဘာ၊ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲမှာရှိတဲ့ မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို တစ်လနီးပါးကြာ တိုက်ခိုက်ပြီးတဲ့နောက် သိမ်းမိတဲ့ပစ္စည်းတွေကို တအာင်းတပ်မတော်(TNLA) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၈ ရက်အကြာ မနေ့က မနက် တစ်နာရီမထိုးခင် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစခန်းကနေ စစ်ကောင်စီရဲ့ ဟောင်ဝပ်ဇာ အမြောက်ကြီး ၂ လက်ကို သိမ်းနိုင်ခဲ့ပြီး တစ်လက်ကတော့ ပျက်ဆီးနေတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ရုံးဌာနက တာဝန်ရှိသူအမျိုးသမီးတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

ဒီနေ့ထုတ်ပြန်ခဲ့တဲ့ပုံတွေထဲမှာတော့ လက်နက်ခဲယမ်းသေတ္တာ ၁၀၀ ကျော်၊ လက်နက်ငယ် ၇၀ ဝန်းကျင်နဲ့ ၈၁ မမ အမြောက် ၃ လက်၊ ၆၀ မမ ၁ လက်၊ ဟောင်ဝပ်ဇာအမြောက်ကျည်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို တွေ့ရပါတယ်။

ဒါ့အပြင် မြှုပ်ထားတဲ့ စစ်သားအလောင်း ၅၀ ကျော်ကိုလည်း တွေ့ရှိခဲ့တယ်လို ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here