Myitkyina Journal Crime

လုံခြုံရေးရဲ လက်ချက်ကြောင့် ရေမဆေးသမားတစ်ဦး သေဆုံးခဲ့မှု ဇနီးဖြစ်သူ တရားစွဲမည်ဟုဆို

ဖေဖော်ဝါရီ ၅ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာအနီးရှိ တစ်သုံးလုံးကျောက်မျက်တူးဖော်ရေးကုမ္ပဏီ မြေစာပုံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရေမဆေးသမားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။သေနတ်ထိမှန်သေဆုံးခဲ့သည့် မောင်ကျော်ဇင်ဖြိုးအသက်(၂၅) နှစ်သည် ဦးခေါင်းထိမှန်ခဲ့ပြီး နောက်စေ့ ပွင့်ထွက်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ရေမဆေးသမားများ၏ ပြောကြားချက်အရ...

တရုတ်အမျိုးသားနှစ်ဦးမှ ကျပ်သိန်းထောင်ချီ ရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

ဝိုင်းမော်၊ ဇန်နဝါရီ ၁၁ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီး မဒိန်ကျေးရွာနှင့် လဘန်ကျေးရွာသွား တောလမ်းတွင် တရုတ်အမျိုးသားနှစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်းထောင်ချီရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၉ ရက်နေ့လည်အချိန်တွင် ဖမ်းဆီးရရှိကြောင်း သိရသည်။အဆိုပါနေ့တွင် မြစ်ကြီးနားမြို့ မူးယစ်တပ်ဖွဲ့စု ၂ မှ ရဲအုပ်စိုင်းစံဖေ ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ မဒိန်ကျေးရွာနှင့်လဘန်ကျေးရွာသွား...
မူးယစ္ေဆး၀ါး

၂၄၆ ကုဋေ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဟိုပင်ရဲစခန်းဖမ်းဆီး

မိုးညှင်း၊ ဒီဇင်ဘာ ၁၄ဟိုပင်မြို့(၇)မိုင်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာရှိ ဟိုပင် - လုံးတုံ - ကုန်းသာ-ညောင်ပင် ကားလမ်းတွင် မူးယစ်ဆေးဝါးများကို ကားဖြင့်သယ်ဆောင် နေကြောင်းသတင်းအရ ဟိုပင်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ဗျက်ဆန်းဦးစီးသည့် ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့က လမ်း၏ဘယ် ဘက် မိုင်တိုင်အမှတ်-၈/၂ အနီးတွင်ရပ်တန့်ထားသော 7C/7826...
Myitkyina Journal Crime

တရုတ်နိုင်ငံသားနှစ်ဦး သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ပေး

ဝိုင်းမော်၊ နိုဝင်ဘာ ၁၅၀ိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် "စောသန္တာဝင်း" စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုမ္ပဏီ လုပ်ကွက်တွင် စိုက်ပျိုးရေးအလုပ်သမား တရုတ်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးကို မြစ်ကြီးနားခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။သုံးရက်စာလုပ်အားခ အကြွေးမပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး မေလ ၂၅ ရက်ကအချင်းများကာ တရုတ်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသော အမျိုးသားနှစ်ဦးသည် ပြစ်မှုကျူးလွန်ပြီး...
Myitkyina News Jouranl Crime

မြစ်ကြီးနားမြို့ပေါ်တွင် အုပ်စုဖွဲ့လုယက်ခဲ့သည့် လူငယ်များကို ဖမ်းဆီး

သြဂုတ် ၃ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်တွင် ဇူလိုင်လ ၃၁ ရက်၊ ညသန်းခေါင်အချိန်ခန့်က အုပ်စုဖွဲ့၍ လုယက်မှုကျူး လွန်ခဲ့သည့် လူငယ်လေးဦးကို နယ်မြေရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။အဆိုပါလူငယ်များသည် မြို့သစ်ကြီးရပ်ကွက်၊ မလိဇွပ်ဆေးရုံအကျော်ရှိ တံတားပေါ်တွင် ဆိုင်ကယ်ဆီပြတ်နေသည်ဟု အကူညီတောင်းသဖြင့် အမျိုးသားနှစ်ဦးက ဘောင်းဘီအိပ်ကပ်အတွင်းရှိ ပိုက်ဆံအိတ် ထုတ်ယူကြည့်ရှုနေစဉ် လူငယ်လေးဦးက...