ရွှေကူမြို့၊ပြည်သူ့ဆေးရုံရှေ့က သရဖူစတိုးဆိုင် ဖောက်ထွင်းခံရ

283
ရွှေကူမြို့၊ပြည်သူ့ဆေးရုံရှေ့က သရဖူစတိုးဆိုင် ဖောက်ထွင်းခံရ

အောက်တိုဘာ၊၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ၊ အမှတ် (၃) ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးရှေ့က သရဖူစတိုးဆိုင်ကို မနေ့ညက သူခိုးဝင်ရောက်ခဲ့ပြီး ခန့်မှန်း ကျပ်ငွေတန်ဖိုး သိန်း (၄၀) နီးပါး ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာ (၁)ရက်နေ့ ည (၁၀)နာရီ (၄၅) မိနစ်အချိန်လောက်က အိမ်အပေါ်ထပ်ကနေ ဆိုင်ထဲကိုခိုးဝင်ခဲ့ပြီး ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် ငွေဖြည့်ကဒ်တွေကိုပါ ခိုးယူသွားခဲ့တာဖြစ်တယ်လို့ သရဖူစတိုးဆိုင်ပိုင်ရှင်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အိမ်ပေါ်ကနေ ဖောက်ဝင်တာဗျ။ တစ်ယောက်ယောက် တံခါးဖွင့်တာကြည့်ပြီး အဲဒီကနေ တက်ခဲ့ပုံရတယ်ဗျ။” လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေကူမြို့ရဲစခန်း တိုင်တန်းထားပြီးတော့ သူခိုးကို ရှာဖွေနေကြဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကူမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here