အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ စစ်ဆေးနေဟုဆို

362
military council-myanmar

ဒီဇင်ဘာ၊၂

မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ စစ်ဆေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံးတုံကျေးရွာအထွက် ဖားကန့်သွားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ ဒီဇင်ဘာလ( ၂) ရက်နေ့က စတင်ပြီးတော့ ဆိုင်ကယ်လိုင်စင် နဲ့ ယာဉ်မောင်းလိုင်စင်တွေကို စစ်ဆေးလာတာလို့ လုံးတုံဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဆိုင်ကယ်လိုင်စင်ရော လူလိုင်စင်ရောစစ်တယ်။ လူလိုင်စင်ပါလို့ရှိရင်တော့ ဖြတ်သွားခိုင်းတယ်။လူလိုင်စင်လည်းမပါဘူး ဆိုင်ကယ်လိုင်စင်လည်း မပါဘူးဆိုရင် ပြန်ခေါက်ခိုင်းတယ်တဲ့ လာတဲ့လမ်းအတိုင်း။ ဖမ်းထားလိုက်တာတော့ မရှိသေးဘူး။ ဂိတ်ကိုကွင်းတဲ့ လမ်းကနေသွားနေတယ်။ တင်္နဂနွေ ကစလို့ရှိရင်တော့ ဖမ်းတော့မယ်လို့ ပြောတယ်တဲ့။” လို့ ဆိုပါတယ်။

လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို သတိပေးတဲ့သဘောမျိုး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ရက်တွေမှာတော့ ဖမ်းဆီးသွားမှာလို့ ပြောဆိုကြောင်း နောက်ထပ် အင်းတော်ကြီး ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

လုံးတုံဂိတ်မှာဟုတ်တယ်။ without တွေ သူတို့ထိန်းပြီး သတိပေးတာပေါ့။ မဖမ်းထားဘူး။ နောက်တစ်ရက်နှစ်ရက်ဆိုရင်တော့ တကယ်ဖမ်းမှာပေါ့။ အဲဒီလိုမျိုး သတိပေးတာတော့ရှိတယ်။ ကားတွေကတော့ ထွက်သွားကြတာပဲ လိုင်စင်ပါလို့ပဲလား ဘာကြောင့်လဲတော့ မသိလိုက်ဘူး။ ဒီနေ့မှ စလုပ်တာဟုတ်တယ်။”လို့ ဒေသခံက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ အခုလိုမျိုး ဆိုင်ကယ်လိုင်စင်စစ်ဆေးလာတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဂိတ်ရှောင်လမ်းက ဖြတ်သန်းနေကြသလို ကားတွေကတော့ ဖြတ်သန်းသွားလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ၏

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနားမြို့နဲ့ ဗန်းမော်မြို့တွေက ဆိုင်ကယ်လိုင်စင်နဲ့ ကားလိုင်စင်တွေကိုလည်း လွန်ခဲ့တဲ့လက စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးပြီး ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here