ဖားကန့်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ နန့်ယားကျေးရွာအလွန် ကပ်မှော်ဇွပ်ကျေးရွာမှာ စစ်ကြောင်းရပ်နားနေ

1
စစ်ကောင်စီစစ်ကြောင်း

 

မေ၊၉

ဖားကန့်ကျောက်စိမ်တွင်းဒေသဘက် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကပ်မှော်ဇွပ်ကျေးရွာမှာ စစ်ကြောင်းရပ်နားနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မြစ်ကြီးနား-ဖားကန့် လမ်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာအလွန်က ကပ်မှော်ဇွပ်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်မတိုးဘဲ နားနေကြတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဆက်မထိုးဘဲနဲ့ရပ်နေတာ နားတယ်လို့ ပြောရမှာပေါ့။ စစ်ကြောင်းရုတ်သွားတာတော့ မဟုတ်ပါဘူး။ သူတို့နည်းနည်း လှုပ်ရှားတာနဲ့တော့ တိုက်ခိုက်တာတော့ ရှိပါတယ်။လို့ ပြောပါတယ်

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး KIA ၊KPDFပူးပေါင်းတပ်တွေကနေ ကြားဖြတ်တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကပ်မှော်ဇွပ်ကျေးရွာနဲ့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA/KPDFပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ကပ်မှော်ဇွပ်ကျေးရွာအနီးက ဆိုင်းဖရာကျေးရွာအထိ စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိခဲ့တယ်လို့လည်း KIAနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကတည်းက ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက KIA/KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာကို စစ်ကြောင်းကျော်လာပြီး ကပ်မှော်ဇွပ်ကျေးရွာမှာ တပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်လမ်းပိုင်းက တိုက်ပွဲအခြေအနေတွေကြောင့် မြစ်ကြီးနား- ဖားကန့်လမ်းတစ်လျှောက် မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော် ၊ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ကျောက်ဖျာ၊နန့်တိန်း၊ပျားအုံ စတဲ့ ကျေးရွာ ဒေသခံတွေတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here