‘Hka Tsaw Wawn Tsaw’ (ရေမြင့်ကြာတင့်) ကချင်ဇာတ်လမ်းတွဲ နောက်ခံတေးအတွက် အဆိုရှင် ရွေးချယ်မှု ဆန်ခါတင်(၁၀)ဦး ရွေးချယ်ပြီးစီး

1189

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၁

‘Hka Tsaw Wawn Tsaw’ (ရေမြင့်ကြာတင့်) အမည်ရ ကချင်ဇာတ်လမ်းတွဲအတွက် နောက်ခံတေးသီချင်း သီဆိုရန် လူငယ်အဆိုရှင်ရွေးချယ်သည့် ပြိုင်ပွဲတွင် လက်ရှိအချိန်၌ ဆန်ခါတင်(၁၀)ဦး ရွေးချယ်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအစတွင် ရိုးရာကောက်သစ်စားပွဲ သီချင်း(Mangai Ta Week)၊ နှစ်ပေါင်း(၄၀)အထက်ရှိသည့် ကချင်သီချင်း (Golden Song Week), Pajau Yungwi Week ၊ အင်္ဂလိပ်သီချင်း၊ ဘုရားသီချင်း၊ Rock Week စသဖြင့် အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ရာမှ နောက်တစ်ဆင့် တက်လှမ်းခွင့် ရရှိသည့် ဆန်ခါတင်(၁၀)ဦးမှ Pop သီချင်းများဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည့် အချိန်ရောက်ရှိလာပြီ ဖြစ်သည်။

ဆန်ခါတင် (၁၀)ဦးမှ ဒိုင်များက ရွေးချယ်ပေးသည့် ကချင် Pop သီချင်းကို မူရင်း Melody မပျက်စေဘဲ ကိုယ်ပိုင်ဖန်တီးမှု (Own Creation)ဖြင့် သီဆိုကာ နောက်ဆုံးအဆင့် ဆန်ခါတင် အယောက်(၆)ဦးတွင် ပါဝင်ခွင့်ရအောင် ဆက်လက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း ဒါရိုက်တာဂျီဇုံးကိက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တနင်္လာနေ့ကနေ စပြီး Top-10 ဝင်တဲ့ သူတွေက Pop Song Week ရောက်ပြီ။ အဲ့ဒီ အပတ်မှာတော့ သီချင်းကို ကိုယ့်ရဲ့ Own Creation နဲ့ဆိုရမှာ ဖြစ်တယ်။ဆန်ခါတင်(၁၀)ယောက်ကနေ (၄)ယောက်က ပြုတ်သွားမယ်။ (၆)ယောက်က တစ်ခါတည်း နောက်ဆုံးအဆင့် Top-6 ဝင်သွားမယ်”ဟု ၎င်းက ဆိုသည်။

နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် မရခဲ့သည့် (၄)ဦးကိုလည်း တစ်ဦးလျှင် ငွေကျပ်(၃)သိန်းစီ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Winner ရရှိသည့် ပြိုင်ပွဲဝင်သည် ဆုငွေ(၂)သိန်းနှင့်အတူ လုပ်ငန်းရှင်ကြီးများက ချီးမြှင့်သည့် ဆုငွေများ ရရှိမည်ဖြစ်ပြီး ‘Hka Tsaw Wawn Tsaw’ နောက်ခံတေးသီချင်း သီဆိုခွင့်သာမက အနုပညာလုပ်ငန်းများတွင်လည်း လက်တွဲလုပ်ဆောင်ခွင့် ရရှိသွားမည် ဖြစ်ကြောင်းဒါရိုက်တာဂျီဇုံးကိက ပြောသည်။

Winner ပြီးရင် First Runner Up, Second Runner Up, Third Runner Up First Runner Up, Second Runner Up, Third Runner Up စသဖြင့်ပေါ့ အဆင့်ဆင့် ချီးမြှင့်သွားမယ်။ ပြီးရင် Winner နဲ့ First Runner Up က ‘Hka Tsaw Wawn Tsaw’ နောက်ခံ ဇာတ်ဝင်တေးသီဆိုခွင့် ရှိမယ်။ ပြီးရင် ထိုက်တန်တဲ့ ဆုကိုလည်း ပေးသွားမယ်။ နောက်ပြီးတော့ ကျန်တဲ့ (၄)ယောက်ကိုလည်း ထိုက်သင့်တဲ့ ဆုတွေကို ချီးမြှင့်ပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။

နောက်ဆုံး အဆင့်တက်လှမ်းခွင့်ရသည့် ပြိုင်ပွဲဝင်(၆)ဦးတို့သည် အမှတ်ပေးဒိုင်များ သတ်မှတ် ပေးထားသော သီချင်းတစ်ပုဒ်နှင့် ဇာတ်ဝင်တေးသီချင်းတစ်ပုဒ် စုစုပေါင်း သီချင်း(၂)ပုဒ်စီ သီဆိုယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကချင်အဆိုရှင် အသစ်များ မွေးထုတ်ပေးလိုခြင်းသာမက လူငယ်များအနေဖြင့် မိမိ၏ ဝါသနာအတွက် ခြေလမ်းသစ် စတင်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပလာသည့် ယင်းပြိုင်ပွဲတွင် လူအများဆုံး ကြိုက်နှစ်သက်သူ (People Choice Award), Media Choice Award စသည့် ဆုများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

Grand Final ပွဲကို အွန်လိုင်းမှတစ်ဆင့် မဟုတ်ဘဲ လူချင်းတွေ့ဆုံကာ ကျင်းပသွားရန် စီစဉ်ထားသော်လည်း လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသော ကာလဖြစ်၍ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here