ဖားကန့်မြို့က ဆိပ်မူရဲကင်းစခန်း မိုင်းခွဲဖျက်ဆီးခံရ

6

 

မေ၊၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဆိပ်မူစစ်ကောင်စီရဲစခန်းကို မနေ့ည ၁၁နာရီခွဲလောက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ မိုင်းခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံထားရတဲ့ စစ်ကောင်စီရဲစခန်းကို စစ်ကောင်စီကနေ ပြန်လည်အသုံးပြုဖို့ လုပ်လာတဲ့အတွက် KIA ကနေ ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်)အားလုံး ထွက်ပြေးသွားကြပြီးလေ။ အဲဒီမှာ ဘယ်သူမှ မရှိတော့ဘူး ။ သူတို့ အသစ်ပြန်လုပ်ဖို့ ပြင်ဆင်လာတာကြောင့် သွားဖောက်ခွဲပေးလိုက်တာလေ”လို့ ဒေသခံက ပြောပါတယ်။

အခုလိုမိုင်းခွဲဖျက်ဆီးခဲ့တာကို KIA ဘက်က ပြုလုပ်တယ်လို့ ပြောဆိုနေပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသးပါဘူး။

ဒါ့အပြင် မေ ၁၂ ရက်နေ့ကလည်း အဲဒီဆိပ်မူစစ်ကောင်စီရဲကင်းစခန်းနဲ့ကား တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့ကနေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here